ဘယ်တုန်းက

Sunday, February 14, 2010 | 1 Comments



စာတွေ မရေးဖြစ်တာ အတော်ကြာခဲ့လေပြီ။ ဘာကြောင့်မရေးဖြစ်ခဲ့တာလဲ တွေးကြည့်တိုင်း အဖြေက ရိုးရိုးလေးထဲက ရေးရေးကလေး ရာရာပေါ်၏။ ထိုသည်တို့သည်ကာ ပျင်းလို့ မရေးချင်းနှင့် ရေးရန်ပျင်းနေခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့တည်းမဟုတ်က ခရီးစဉ်မဆုံးသေးလို့ဖြစ်နိုင်ပြန်ပေသေးသည်။

ဒီနေ့ လူအများသိသော တရုတ်နှစ်သစ်ကူးသောနေ့ဖြစ်သည်။ ထူးခြားသည်က ခါတိုင်းနှစ်တွေလို ကျွန်တော် ဒီနှစ် တရုတ်လမုန့် မစားရပါ။ ဟိုးတုန်းက ရခဲ့ဖူးပေမယ့် အရင့် အရင်နှစ်တွေက မရခဲ့ရဖူးသော တရုတ် အန်ပေါင်းလည်း ကျွန်တော် ဒီနှစ်မရပါ။

နောက်ပြီး ရှိပြန်သေးသည်။ ထိုသည်ကား အခြားမဟုတ် ဒီနေ့ဟာ ချစ်သူများနေ့လည်း ဖြစ်နေရှာသေးသည်။ အင်း...ချစ်သူများနေ့ သည်အတော် ပလူပြန်ရှာသောနေ့ ဖြစ်သည်။ လမ်းတိုင်းလိုလို အမှတ်တရဆိုင်ကလေးများ ရောင်းသည်။ ချစ်သူမရှိသူများ အတော် ရင်နာစရာကောင်းချင်လည်း ကောင်းနိုင်ပေလိမ့်မည်။ ကျွန်တော်လည်း ခုလုခုလု ဖြစ်မိသေးသည်။ သူများတကာလို ကျွန်တော် ချောကလက် မစားရပါ။ ထိုအတူ ပန်းစည်းလည်း ဝယ်ပေးစရာ မလိုခဲ့ပါ။

အင်းပေါ့...၁၄ဆိုလည်း ၁၄ ရုံပဲ ဘာခက်တာမှတ်လို့။ မနေ့ကဆိုတာလည်း ဒီနေ့ကပဲ စဖြစ်ခဲ့တာချည်းပဲလေ ဆိုပြီး စိတ်ထဲမှာ ကိုယ့်ကိုကိုယ် အားပေးထား၏။

ထင်းခွေမကြုံက ရေခပ်ကြုံပေလိမ့်မည်။

မနှစ်က ဒီလိုနေ့မျိုး ညကပွဲမှာ သွားကဲဖြစ်ကြသည်။ ဒီနှစ် ဒီနေ့မှာတော့...

ကိုယ်မယူရသော တစ်ပါးသူရဲ့ ပွဲကို တက်ပေးရသည်။
တစ်ချက်ပြီး တစ်ချက် ကင်မရာကို တစ်ဖျပ်ဖျပ် အလင်းရောင် ထွက်နေအောင် ရိုက်ပေးရရှာသည်။
လက်တွေ နာလောက်အောင်ထိ ဂုဏ်ပြုလက်ခုတ်တွေ လွတ်တီးပေးဖြစ်ခဲ့သည်။

စကားစပ်စပ် ထပ်ကာ ဖြတ်ပြောရရင် ဒီနေ့ဟာဖြင့် ကျွန်တော် စာစရေးတာ ၁နှစ်ပြည့်သောနေ့ ဖြစ်နေပြန်ပါသေးသည်။ (မှတ်ချက် - ဘာပြည့် ညာပြည့်များကို အသိအမှတ်ပြုရန် စိတ်ပါလေ့သိပ်မရှိပါ)

ဘယ်တုန်းက ၁နှစ်ပြည့်တာလဲ ????
ဖေဖော်ဝါရီ ၁၄ ဆိုတဲ့ (ဒီနေ့)ပဲ။

ဘယ်တုန်းက ............. ဟိုတုန်းက
၁နှစ်ပြည့်တာလဲ ........... ဒီနေ့ပဲ !!!

ရှေးစာဆို

1 ဦးအကြံပြုသွားသည်။:

ဂျေဂျူဝိုင် said...

ဘာလို့ တစ်နှစ်ပြည့်တာလဲ
တစ်နှစ်ပြည့်လို့ တစ်နှစ်ပြည့်တာ
တစ်နှစ်က ဘာလို့ ပြည့်တာလဲ
ပြည့်သွားလို့ တစ်နှစ်လို့ခေါ်ရင်
တစ်နှစ်က ဘာလဲ....

(ဟင် ဘာမှန်း တိဝူး)

Post a Comment