ကောင်းကင်ကိုမော့ကြည့် ပင့်သက်ရှိုက်သံတစ်ခု ငါခံယူမိတယ်
ငါတွေ့ခဲ့တယ် ကောင်းကင်မှာ ကုက္ကိုလ်ပင်တွေကြီးစိုးလို့
သို့ပေမဲ့ သူတို့မှာ အရွက်မရှိဘူး၊ အပွင့်မရှိဘူး၊ အသီးမရှိဘူး
ဒါပေမယ့် သူတို့မှာ အကိုင်းတွေ၊ အခက်တွေနဲ့ ပြယုဂ်တစ်ခုကိုခံစား
နေဝင်ချိန် ကောင်းကင်ယံမှာ ကဗျာဆန်ခဲ့ပေါ့။ ။
ကမ်းလင့်လို့ကြိုသူ ငါပါအချစ်ရယ်
နှလုံးသားနဲ့ရင်းပြီး ခင်းတဲ့လမ်းမှာပေါ့
ငါ့နှလုံးသား ကောင်းကင်ယံမှာ မင်းကြီးစိုးခဲ့တယ်
သို့ပေမဲ့ မင်းမှာအချစ်မရှိဘူး၊ အမုန်းမရှိဘူး၊ အဆိုးဆုံးက စာနာတတ်တဲ့ နှလုံးသား ရှိမနေခဲ့ဘူး
ဒါပေမယ့် မင်းမှာ ညို့ယူတတ်ခဲ့မျက်ဝန်း၊ ချော့မြူတတ်တဲ့ နှုတ်ခမ်း၊ လှည့်စားတတ်တဲ့ အပြုံးတွေနဲ့ ပြယုဂ်တစ်ခုကိုခံစား
ဒီလိုနဲ့ ငါ့ဝိဥာဉ်ဟာ နေဝင်ချိန်ကို ရောက်ခဲ့ပေါ့ အချစ်ရယ်။ ။
ရှေးစာဆို
(၂၂.၀၂.၂၀၀၁---၃နာရီ+)



0 ဦးအကြံပြုသွားသည်။:
Post a Comment