တစ်ချိန်က
ပေးဆပ်ခဲ့တဲ့ မျက်ရည်တွေလို
ပေးဆပ်စရာ မျက်ရည် မရှိ
မင်းအတွက်ငါဟာ
တစ်ချိန်က
ပေးဆပ်ခဲ့တဲ့ ဆုံးရှုံးခြင်းတွေလို
ပေးဆပ်စရာ ဆုံးရှုံးခြင်း မရှိ
ငါ့အတွက်မင်းဟာ
တစ်ချိန်လို
ပါးစပ်ဖျားက အချစ်တစ်ခုနဲ့
ချည်နှောင်ထားအုံးမှာလား
မင်းဟာငါ့အတွက်
တစ်ချိန်လို
မျက်နှာအတု ကြေကွဲမှုနဲ့
ငါ့နှလုံးသား ဝပ်ဆင်းခိုင်းအုံးမှာလား
ဒါဆိုရင်တော့...
"sorry" ပဲချစ်သူရယ်...။ ။
ရှေးစာဆို
(၂၇.၀၄.၂၀၀၀---<နံနက် - ၂:၁၀>)



0 ဦးအကြံပြုသွားသည်။:
Post a Comment