ကွန်ပြူတာရှေ့ မရောက်ဖြစ်တာ ကြာပေါ့။ ခုရောက်တော့လည်း လိုင်းပေါ်က စာတွေလိုက်ဖတ်ဖြစ်တယ်။ ဒါနဲ့ပဲ တစ်ချို့ဖြူးတဲ့ ဆားတွေ၊ တစ်ချို့ပက်ဖြန်းလိုက်တဲ့ စပါးတွေ၊ ခပ်ဝါးဝါး သံဝေဂ တရားတွေနဲ့ ထုံးစံအတိုင်း ရင်ဘတ်က လှိုင်းတွေ အစီအစဉ်တကျပဲ ခပ်ပါးပါးလေး ပုတ်ခပ်သွားပြန်ပါတယ်။
ခုလောလောဆယ်တော့ ICU အခန်းထဲမှာသွားပြီး အလေလိုက်ကာ အချိန်တွေကို စားသုံးဖြစ်နေပါတယ်။ ဒီလို ဘဝတစ်ကွေ့မှာ ခဏတွေ့ကြရင်းနဲ့ ပြန်မဆုံနိုင်တဲ့ဆီကို အခန်းထဲက တစ်ယောက်က မနေ့ကတင်ပဲ ထွက်ခွာသွားခဲ့ရပြန်ပါပြီ။ ဒါပေမယ့် ဘယ်သူမှ မျက်ရည်တွေ ကျမနေခဲ့ပါဘူး။ သွားသူသွား လာသူလာပဲလေ။ ဟုတ်တယ်မလား???
ဒီနေ့ အပြုသဘောဆောင်သော အကြာင်းအရာတော်တော်များများ ဆွေးနွေးဖြစ်သည်။ ထို့ကြောင့် ဆင်ဖြူတော်မှီပြီး ကြံစုပ်ရတဲ့ ဘဝကို စပ်ဆုပ်လာမိသည်။ ဒါကြောင့် ဆင်ဖြူတော်ဖြစ်ရင်ဖြစ်၊ သို့မဟုတ် ရင်တော့ ကြံစိုက်မှကို ဖြစ်ပေတော့မည်ဟု စိတ်အာရုံတွင် ထင်ဟပ်လာခဲ့သည်။
ယုန်တောင်ပြေး၊ ခွေးမြောက်လိုက် ဖြစ်ရပ်တွေ များလာတာနဲ့အမျှ ဘဝရဲ့ ရည်မှန်းချက်တွေကလည်း နွေအကြို နှုတ်ဆက်ဆောင်းနှင်းငွေ့ လွှလွှလေးတွေလို လွှင့်ပြယ်လုလုပင်။ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား ပတ်ဝန်းကျင်မှာ သီလတွေ ဘယ်လောက် တန်ဖိုးရှိကြောင်း ယုံကြည်သက်ဝင်နေသူမှာ အာရုံတက်နှင့် နေဝင်ချိန် အမှတ်မှား သူအဖြစ် ယူဆခံနေရမည်သာပင်သား။ မည်သို့ပင်ရှိသော်ငြားလည်း လောကတွင် မိုးခါးရည် မသောက်သောသူများပင် ဒုနဲ့ဒေး။
(တုံးဆား မယတော ဗဝကျီးဂို မုမ်းဒယ်လို့စိုယင်)
စားသုံးလို့ရတဲ့ ဘဝတစ်ခုကိုတော့ ချစ်ဖို့ လိုအပ်ပါသည်။
ရှေးစာဆို
မှတ်ချက်။ ။ စာရေးလက်စ ပြတ်သွားပြီးမှ ပြန်ရေးဖြစ်လို့ ပြတ်-စာဟု သမုတ်ခဲ့ပါသည်။

0 ဦးအကြံပြုသွားသည်။:
Post a Comment