ရင်ခုန်အနမ်းတွေနဲ့
စွဲမက်ဖွယ်
ပန်းနုရောင် လေးကိုင်းထက်...

စကားလုံး စိမ်းစိမ်းတွေ
ရက်စက်ဖွယ်
အဆိပ်လူး မြှားတွေလိုပြေးထွက်...

ပစ်ခွင်းခံလိုက်ရတဲ့ နှလုံးသား
သွေးစက်တွေ တသွင်သွင်စီးဆင်း
ခန္ဓာရုပ်ကြွင်းက မြေနဲ့တသားထဲဖြစ်
ဘယ်လောက် ချစ်သလဲဆို
မင်းအလှဆင်ဖို့
နှင်းဆီတစ်ခင်း ပွင့်စေမယ်...။ ။

မင်းအိမ်စံ

0 ဦးအကြံပြုသွားသည်။:

Post a Comment