မုန်းစကင်းကင်း ချစ်စရှင်းရှင်းနဲ့
ကျွန်တော်နဲ့သူရဲ့ လမ်းခွဲစာရင်းမှာ
ဘုရားသခင်ဖန်ဆင်းလိုက်တဲ့ အချစ်ရဲ့ဝေဒနာဟာ
အယူမှားသူတစ်ယောက်ရဲ့ ငရဲလားဒဏ်ရာလို
အရှင်လတ်လတ် နှလုံးသားက သွေးစိမ်းစိမ်းယိုထွက်
ဒါဟာ... သူ မတော်တစချပြလိုက်တဲ့ ပဉ္စလက်ပြကွက်ဆန်းရဲ့
လက်တွေ့စစ်မှန်ခြင်း ရောင်ပြန်နိယာမသဘောတရားတဲ့လေ

ဒါအိပ်မက်မဟုတ်ဘူး
ဖြစ်ပြီးပျက် အစဉ်အလာသဘောထားနောက်
သူ့အတွက်ရေးစပ်ခဲ့တဲ့ ပထမဆုံးနဲ့နောက်ဆုံးစာမှာ ကျွန်တော်မသာယာနိုင်ခဲ့ဘူး

တစပြင်အသံလှိုင်းကြား
သူနှုတ်ကဖွင့်ဟလာခဲ့တယ်
"ကျွန်တော်လည်း ကောင်းခဲ့ပါတယ်" တဲ့

ရုတ်တရက် တစ်ဖက်က End Call အနှိပ်မှာ
ကျွန်တော့်နှလုံးသား လန့်မောသွားတယ်
"သူပျော်ပါစေ"

ရှေးစာဆို

1 ဦးအကြံပြုသွားသည်။:

jasmine(တောင်ကြီး) said...

တစ်ကယ့်ကို ကဗျာကောင်းပဲ
ဖတ်ရလို့ကျေးဇူးတင်ပါတယ်ရှင်

Post a Comment